Wednesday, February 13, 2013

ရီးရဲလ် VS မန်ယူ ခန်.မှန်း

ရီးရဲလ် VS မန်ယူ ခန်.မှန်း
    ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့  ရီးရဲလ်မက်ဒရစ်အသင်းဟာသူတို့ရဲ.ဘာနေဗျူးကွင်းကြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းကို လက်ခံကစားရတော့မှာဖြစ်ပါတယ်။သူတို့နှစ်သင်းဟာဆိုရင် သက်ဆိုင်ရာလိဂ်အသီးသီးမှာ ချန်ပီယံအသီးသီးဖြစ်ခဲ့ကြပါတယ်။နှစ်သင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပဘောလုံးသမိုင်းတစ်လျှောက်မှာတော. ရီးရဲလ်ဟာ မန်ယူထက်ပိုပြီးအောင်မြင်မှုအစဉ်အလာပိုကြီးမားခဲ့ပါတယ်။ပြီးတော့ ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ညိုနဲ့သူ့အသင်းသားတွေဟာ ဒီနှစ်စပိန်လာလီဂါပွဲဖလားအတွက် ဘာစီလိုနာမမှီနိုင်တော.လို့ ဒီချန်ပီယံလိဂ်ဖလားဟာ သူတို့အတွက်အဓိကပစ်မှတ်ပါပဲ။
    တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ.ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အမှတ် ၁၂မှတ်ဖြတ်ထားပြီး ပြိုင်ပွဲအားလုံးမှာ ၁၄ပွဲတိတိ ရှုံးပွဲမရှိသေးပါဘူး။ဒါပေမယ်. မန်ယူဟာ ချန်ပီယံလိဂ်မှာတော့ရလဒ်တွေသိပ်မကောင်းလှပါဘူး။
    ရီးရဲလ်အတွက်အားနည်းချက်တစ်ခုက ဒီနှစ်ရာသီ ရလာဒ်ပိုင်းသိပ်မကောင်းတာနဲ. အသင်းရဲ.စည်းလုံးမှုပျက်နေတာပါပဲ။ဒါပေမယ့် မန်ယူကလည်းရီးရဲလ်နဲ့ဆုံတွေ့တိုင်းအနိုင်မရဖူးသေးပဲ ၂ပွဲသရေ ၂ပွဲရှုံး ဖြစ်နေပါတယ်။
    ဆိုတော. အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင် ဒီလို ထိပ်တန်းအသင်းနှစ်သင်းကြား၊ နည်းပြ၂ယောက်ကြား နဲ့ တိုက်စစ်မှူးရော်နယ်ဒို နဲ့သူအောင်မြင်ကြော်ကြားလာခဲ့တဲ့ အသင်းဟောင်းမန်ယူတို့ကြား ပြိုင်ဆိုင်ကြရမယ့် အကြိတ်အနယ်ပွဲကောင်းတစ်ကောင်းမှာ သရေရလာဒ်ဟာအကောင်းဆုံးပွဲအဖြေတစ်ခုပါပဲ။
ခန့်မှန်း   ရီးရဲလ် 2-2 မန်ယူ or ရီးရဲလ် 2-1 မန်ယူ
အားလုံးပဲဒီနေ့ချန်ပီယံလိဂ်ညမှာကံကောင်းကြပါစေ။
Ref:goonersguide

No comments:

Post a Comment